The Holy Islam
အစ္စလာမ် သာသနာတော်
Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States
htaylwin
ကျွန်ုပ်တို့ မြန်မာစာလောက၌ အစ္စလာမ့်ဒသန ပညာရှင်ကြီးများ၏ အခန်းကဏ္ဍမှာ ဖေါ်ပြသူမရှိဘဲ ပျောက်ဆုံးနေခြင်းများကြောင့် မြန်မာတို့အနေဖြင့် ဒသန၊ အတွေးအခေါ်များမှာ အနောက်နိုင်ငံ သားတို့ထံမှ မျိုးစေ့ချပေးခဲ့သည်ဟုသာ ထင်ယောင်မှား ဖြစ်နေပေသည်။ ကျွန်ုပ်တို့ မြန်မာ အပါ အ ၀င် အရှေ့တိုင်းသားတို့၏ ထံမှ ဒသနများကိုသာ အနောက်နိုင်ငံသားတို့ ရယူခဲ့ကြောင်း ဖြစ်ကြောင်း သိမြင်နိုင်စေရန် ဤစာမျက်နှာများတွင် စေတနာကောင်းဖြင့် ဖေါ်ပြခြင်း ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော်မှ အေမန် ဂဇာလီ၏ စကားများ--
နေကြပ်ခြင်းမှာ လသည် နေနှင့် ကမ္ဘာ အကြား သွားလာ ခြင်း၏ အကြောင်း ကြောင့်၊ လကြပ်ခြင်းမှာ ကမ္ဘာသည် လနှင့် နေ အကြား သွားလာခြင်းကြောင့် ဖြစ်သည်
မည်သူမဆို ဤသီအိုရီအား ဘာသာရေး၏ တာဝန် အဖြစ်ခံယူကာငြင်းခုံရန် လုံလပြုသူသည် ဘာသာရေး အား ထိခိုက်နစ်နာသိမ်ငယ်စေရန်ပြုသူသာမည်၏၊
မူဆလင်တို့သည် ခွဲခြမ်းစိတ်ဖြာခြင်း၌ အလွန် ကောင်းမွန် ၏၊ သူတို့သည်အက်တမ်ကို ပင်ခွဲနိုင်ကြလိမ့်မည် ဖြစ်၏၊ သင်သည် မူဆလင်နှစ်ဦးကို ကြည့်လျှင်- သူတို့သည် ပါတီသုံးခုအား ပိုင်ဆိုင်သည်ကို တွေ့ရလိမ့်မည်
ကမ္ဘာ၏ အ၀န်းသည် ၄၀၂၈၄ ကီလိုမီတာရှိသည်ဟု ပြောခဲ့၍ လက်ရှိ ပညာရှင်များ၏ သတ်မှတ်မှုမှာ ၄၀၀၆၈ ကီလိုမီတာ ဖြစ်၍ အလွန်နီးကပ်မှု ရှိသည်။
လဟာနယ်၏ သဘာဝအား အစောဆုံး စူးစမ်းခဲ့သူ အဖြစ် ကျော် ကြားပေသည်။ စွမ်းအင်သတ္တိ လေ့လာမှုတွင် လဟာနယ် သဘာဝအား ဆင်ခြင်လျှက် ပထမဦးဆုံး လက်တွေ့ စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ ထိုသို့စမ်းသပ်ရန် ရေ-အပိတ်အဆို့ (အဆို့ ရှင်)အား ကိုင်တွယ် အသုံးပြုခဲ့သည်။ သူက လေ၏ ဖိအားသည် လဟာနယ်တစ်ခု ဖြစ် နိုင်ရန် ဖြည့်ဆီးပေးသည်ဟု ပြောဆိုခဲ့ပြီး၊ ပြည့်စံသော လဟာ နယ်လေ့လာမှုမှာ မပီ ပြင် သေးသော အဆင့်တွင် ရှိသေး သည် ဟု အကြံပေးခဲ့သည်။

အဘူ ရဟီးမ် ဘီရ်ရူနီ (၉၇၃-၁၀၄၈)
လွန်ခဲ့သော နှစ်တစ်ထောင်မှ ဘီရ်ရူနီ၏ စကား- (သူသည် ကမ္ဘာကြီးအား လုံးသည် ဟု ပြော၍ သတ်ခံရသော ဂလီလီယို ထက် နှစ်ပေါင်း ၅၀၀ စော၍ ပေါ်ခဲ့သည်)
သူ့အကြောင်းအား ဘာသာပြန်နေဆဲ ဖြစ် သည်။
ကမ္ဘာသည် လုံးဝိုင်းလျှက် မိမိဝန်ရိုးပေါ်၌ နေ့စဉ် လှည့်ပတ်လျှက် တစ်နှစ်တွင် နေအား တစ်ပတ်လှည့်ပတ်သည်။
Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States
htaylwin