ms                         The Holy Islam

      အစ္စလာမ် သာသနာတော်  

 

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States

ရဲရဲတောက် အာမခံချက်

ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းက မိမိ သာသနာသည် မည်၍ မည်မျှ မှန်ကန်ပါ သည် ဟု သိပ္ပံဆိုင်ရာ တွေ့ရှိချက် များဖြင့် အထောက်အထားပြု တင်ပြကြပေသည်။ ထိုသို့ သက်သေပြချက်များကို အစ္စလာမ် သာသနာက မငြင်းဆို ပါ။ ကျမ်းမြတ်ကုရ်အံ မတိုင် မှီ ရှေးကျမ်းများတွင် ပရမတ်ဘုရားရှင်က ဉာဏ်စဉ်ကိန်းဝပ်ချမှတ်ပေးသော မူရင်း ဓမ္မ အကြွင်းအကျန်များ ရှိနေသေးသည် ဆိုခြင်းကို ကျမ်းမြတ်ကုရ်အံက မဖုံး ကွယ် ထားပါ။ သို့သော် ကျမ်းစာ တစ်အုပ်လုံး ရှေ့နောက် ညီညွတ်ခြင်း၊ ကျမ်းစာပါ စာတစ် လုံးချင်းစီသည် လောက ယုတ္တိဗေဒ၊ သိပ္ပံဆိုင်ရာ တွေ့ရှိ ချက်များနှင့် ကိုက်ညီသည့် လူသားတို့အတွက် လမ်းညွန်ကျမ်း တော်ကို ပြပါဟု ဆိုလျှင် ကျမ်းမြတ်ကုရ်အံ တစ် အုပ်တည်းကိုသာ ကမ္ဘာ့ပညာရှင်များ ညွန်ပြနေရပေသည်။

သန္ဓေသားဗေဒ ပညာရှင် ဒေါက်တာ ကီယာဗ် အလ် မိုးရ် Keith L. Moore ၏ သက်သေခံချက်

ခန္ဓာဗေဒနှင့် သန္ဓေသားဗေဒ ပညာရပ်များ၌ ကမ္ဘာ့ အထင် ကရ ပညာရှင် တစ်ဦးလည်းဖြစ်၊ လူသား၏ တိုးတက်ဖွံ့ဖြိုး ဖြစ်စဉ် The Developing Human စာအုပ်၏ စာရေး ဆရာလည်း ဖြစ်သော သိက္ခာရ အငြိမ်းစား ပါမောက္ခ ကီ ယာဗ် အလ် မိုးရ် Keith L. Moore က ၁၉၈၂ ခုနှစ် ဆော်ဒီအာရေဗျနိုင်ငံ ဒင်မန် ဆေးပညာရှင်များ ညီလာခံ တွင် `ကျွန်ုပ်အနေဖြင့် လူသား ဖြစ်စဉ်နှင့် စပ်လျှဉ်း ကုရ် အံ ကျမ်း၌ ဖေါ်ပြချက်များကို လွန်စွာ ဘ၀င်ကျမိပါသည်။ ဤသို့ ဖေါ်ပြချက်သည်- ဤအကြောင်းအရာများနှင့် စပ် လျှဉ်း၍ လူသားတို့ ဗဟုသုတ ရှိမလာမှီ နှစ်ရာစုပေါင်း များစွာကပင် မုဟမ္မဒ်အား ပရမတ်ဘုရားရှင် (အလ္လာဟ်)က အသိပေးခဲ့ခြင်းသာ ဖြစ်ရပေ မည်။ ဤသည်ပင် မုဟမ္မဒ်သည် သဗ္ဗညုဉာဏ်ကို ဆွတ်ခူးရရှိသည် ပရမတ် ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်ကိုဖြစ်သည်ဟု ကျွန်ုပ် အတွက် ခိုင်မာသော သက်သေတစ်ရပ်ပင် ဖြစ်၏၊ ဖွင့်ဟကြေငြာ- သက်သေခံခဲ့ပေသည်။

အယ်မိုးရ်၏ လူသား၏ တိုးတက်ဖွံ့ဖြိုးဖြစ်စဉ် The Developing Human စာအုပ်အား ကမ္ဘာ့ဘာသာ စကား ကြီး ရှစ်မျိုးဖြင့် ဘာသာပြန် ခဲ့၍၊ အမေရိကန်ပြည်ထောင်စု အထူကော်မီတီမှ သိပ္ပံဆိုင်ရာ ကိုးကားကျမ်းအဖြစ် ရွေး ချယ် ခဲ့ပေသည်။ ဒေါက်တာ ကီယာဗ် အလ် မိုးရ် သည် ကနေဒါနိုင်ငံ တိုရန်တို တက္ကသိုလ်မှ အနုမာန ဇီဝဗေဒနှင့် ခန္ဓာဗေဒ သိက္ခာရ အငြိမ်းစား တစ်ဦးဖြစ်၍၊ ထိ၌ သူသည် ဆေးပညာဆိုင်ရာ အခြေ ခံ သိပ္ပံဌာနမှ ဦးဆောင်တစ်ဦး ဖြစ်ခဲ့၍။ ခန္ဓာဗေဒဆိုရာ ဌာန၌ ဥက္ကဌအဖြစ် ၈ နှစ်ကြာ ထမ်းဆောင်ခဲ့ပေသည်။ သူသည် ၁၉၈၄ ခုနှစ်တွင် ကနေ ဒါ နိုင်ငံ ခန္ဓာဗေဒပညာရှင်များ အစည်းအရုံးမှ ခန္ဓာဗေဒနှင့် ပတ်သက်သော အထူးဂုဏ်ထူးဆောင်ဘွဲ့  the J.C.B. Grant Award ကို ရရှိခဲ့ပေသည်။ သူသည် ကနေဒါနိုင်ငံ၊ အမေရိကန်နိုင်ငံ ရှိ ခန္ဓာဗေဒပညာရှင်များ အစည်းရုံးများ နှင့် ဇီဝ သိပ္ပံ သမဂ္ဂ မှ ခန္ဓာဗေဒ ပညာရှင်များအား ညွှန် ကြားလမ်းပြမှု များစွာ ပြုလုပ်ခဲ့ပေသည်။

ဒေါက်တာ ယိုချီဟိဒ ကိုဇိုင်း

ဂျပန်နိုင်ငံ တိုကျို၊ မိတက အမျိုးသား နက္ခတ္တဗေဒ စူးစမ်း ရေး အဖွဲ့ ညွှန်ကြားရေးမှုး ဖြစ်ခဲ့သော ဂျပန်နိုင်ငံ ဟွန်ဂို တို ကျို တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ယိုချီ ဟိဒ ကိုဇိုင်းက- `ကျွန်ုပ်အနေဖြင့် အလွန်တိကျ မှန်ကန် တဲ့ နက္ခတ္တ ဗေဒဆိုင်ရာ အချက်အလက်များကို ကုရ်အံ ကျမ်းမှာ တွေ့ရှိရလို့ ထိုကျမ်းကို အလွန် တလေးတစား ဖြစ်မိပါတယ်။

 ကျွန်ုပ်တို့ ခေတ်သစ် နက္ခတ္တဗေဒ ပညာရှင်တွေဟာ စကြာဝဠာလုံးဆိုင်ရာထဲက မပြောပလောက်တဲ့ အစိတ် အပိုင်း လေးကိုပဲ လေ့လာ နေရဆဲပါ။ ဘာကြောင့်လဲ ဆို တော့ ကျွန်ုပ်တို့ အားကိုးအားထား ပြုနေရတဲ့ အနုကြည့် မှန် ပြောင်းတွေဆိုတာ စကြာ ၀ဠာ ထဲက အစိတ်အပိုင်း လေး တစ်ခုကိုပဲ တွေ့မြင်နိုင်လို့ပါ။ ကုရ်အံကို အနုလုံ ပဋိလုံ ဆန်း စစ်လေ့လာခြင်းဖြင့် စကြာဝဠာ အား စူးစမ်းလေ့လာ ခြင်း၌ အနာဂါတ် လမ်းစတွေရလိမ့်မယ်လို့ ကျွန်ုပ် မှတ်ယူပါ တယ်။

ပါမောက္ခ တီဂျာတတ် တက်ဂျာစင် Professor Tejatat Tejasen

ချင်းမိုင် တက္ကသိုလ် ဆေးဘက်ဆိုင်ရာ အဖွဲ့မှ ဦးဆောင် ဖြစ်ခဲ့သော ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်မှ ခန္ဓာဗေဒ ဌာန ဥက္ကဌ ပါမေက္ခ တီဂျာတတ် တက်ဂျာစင် က ဆောင်ဒီ အာ ရေဗီးယား နိုင်ငံ ရီဒါ၌ ကျင်းပသော ရှစ်ကြိမ်မြောက် ဆေး ဘက်ဆိုင်ရာ ညီလာခံတွင်- မတ်တပ်ထရပ်လျှက်၊-

လွန်ခဲ့သော ၃ နှစ်ကာလအတွင်း ကျွန်တော် ကုရ်အံကို စတင် စိတ်ဝင်စားခဲ့ပါတယ်၊ -- ကျွန်တော့ရဲ့လေ့လာ တွေ့ရှိ ချက်နဲ့ ဒီညီလာခံက သိလာရတဲ့ အချက်တွေ ဒါတွေဟာ အမှန်တရားပါလို့ သိပ္ပံနည်းကျ သက်သေပြခဲ့တာတွေဟာ-- အားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်က ပြော ထားတဲ့ ကုရ်အံထဲမှာ မှတ် တမ်းတင်ပြီးသားတွေရှိချည်း ဖြစ်နေပါတယ်။ မုဟမ္မဒ် ဟာ ရေးတတ် ဖတ်တတ်သူ မဟုတ်ခဲ့ဘူး၊ သူ့ကို ဖန်ဆင်းရှင်လို့ ဖြစ်နိုင်တဲ့ အရှင်က သဗ္ဗညုဉာဏ်ကိန်းဝပ်ချမှတ်ပေးရာ ပရမတ္ထသစ္စာကိုသာ မှီတည်အားထားခဲ့သူ ဖြစ်ပါတယ်။ ထိုဖန်ဆင်းတဲ့ အရှင် ဆိုတာ ပရမတ်ဘုရားရှင်သာဖြစ်ရပါမယ်။ ဒါ ကြောင့်- ကျွန်တော် ယုံကြည်ပါတယ်၊ ဒီအချိန်ဟာ- ပရမတ် ဘုရား ရှင်  မှ အပ အခြား ဘုရားဟူ၍ မရှိ၊ မုဟမ္မဒ်သည် အရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏ ၊ ဟု သစ္စာဆိုရမယ့် အချိန် ဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့ နိဂုံးပြောလိုတာက- ဤသို့ ထည်ဝါ ကြီးကျယ်တဲ့ ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင် တဲ့ အတွက် အသိအမှတ်ပြုပါတယ်။ ကျွန်တော်ကတော့ ဒီ ညီလာခံမှာ သိပ္ပံဆိုင်ရာ ရှုဒေါင့်၊ ဘာသာရေးဆိုင်ရာ ရှု ဒေါင့် များအပြင်- တက်ရောက် ပါဝင်လာတဲ့ အထင်ကရ သိပ္ပံ ပညာရှင်ကြီးပေါင်း များစွာနဲ့ သိကျွမ်းခွင့်ရခဲ့ပါတယ်။ ထိုအရာ အားလုံးထက် ပို ပြီး တန်ဘိုး မဖြတ်နိုင်သော ရရှိ မှုကတော့- မူဆလင် တစ်ဦးဖြစ်လာဘို့အတွက် `ပရမတ် ဘုရားရှင်မှ အပ အခြား ဘုရားဟူ သည်မရှိ၊ မုဟမ္မဒ်သည် အရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏ ဆိုတဲ့ လာအိလာဟ အိလ္လောဟ် မုဟမ္မဒ် ဒု ရစူလ်လို့လ္လာဟ် ဆိုတာပါပဲ။

 

 

ကျမ်းမြတ်ကုရ်အံလာ သန္ဓေသား ဖြစ်စဉ်

ကျမ်းမြတ်ကုရ်အံ၌ ပရမတ်ဘုရားရှင် (အလ္လာဟ်) က လူသားတို့၏ သန္ဓေသားဖြစ်စဉ် အဆင့်များအား ပြောထား သည်မှာ-

ငါသည် လူသားကို မြေ၏ အနှစ်မှ ဖြစ်တည်စေ၏။ တဖန် ၄င်းအား ခိုနားသော နေရာအတွင်းမှ ရေကြည် တစ် ပေါက် အဖြစ် စီရင်တော် မူ၏။ ထို့နောက် ၄င်းကို ရေကြည်ပေါက်မှ သွေးခဲ အဖြစ် ဖြစ်တည်စေ၏။ ထိုသွေးခဲမှ အသားတစ် အဖြစ် ဖြစ်တည် စေ၏။ တဖန် ထိုအသားတစ်မှ အရိုး အဖြစ် ဖြစ်တည်စေ၏။ ထိုအရိုးအား အသား အရေဖြင့် ခြုံလွှမ်းပေး၏၊---- ၂၃း ၁၂-၁၄။ ပြည့်အစုံဖတ်ရန်

 

ကျွန်ုပ်တို့ `စံ´ အဖြစ် လက်ခံယုံကြည်ထားသော ပုဂ္ဂိုလ်မြတ်များ ဖြစ်သည့် ကိုယ်တော် ဂေါဓမ၊ ကိုယ်တော် ယေရှု၊ ကိုယ်တော်မုဟမ္မဒ် စသော လူသား စံပြ ခေါင်းဆောင်များသည်၊ သူတို့ ခေတ်ကာလမှ မိရိုးဖလာ ဆရာ့ဆရာများ၏ သွန်သင်မှုများအား တွန်းလှန် ပါယ်ချ ခြင်းတည်း ဟူသော `စံ´ ကို နောက်လိုက်ဒကာ တို့အား `စံ´ အဖြစ်၊ကျင့်ကြံ လုပ်ဆောင်ပြခဲ့သည်။ ကျွန်ုပ်တို့လည်း ထို `စံ´များကို အတုယူလျှက်၊ မိရိုး ဖ လာ မျက်မှန်ကို ပါယ်လျှက်- သာသနာ သို့ မဟုတ် ၀ါဒလမ်းစဉ်များကို လေ့လာ စူးစမ်းကြပါစို့။-

 

Copyright 2008 Islam Myanmar! All Right Reserved

 

 

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States