The Holy Islam

အစ္စလာမ် သာသနာတော်

Islam Myanmar
Utica
United States

ဟာဒီးသ်တော်များ

ဟာဒီးဆ်တော်များဆိုသည်မှာ ကိုယ်တော် မုဟမ္မဒ်၏ အမူအကျင့်၊ အနေအထိုင်၊ အပြောအဆိုများ ဖြစ်သည့် ပြုမူနေထိုင် နည်း ပုံစံ (Life style) ကို ကိုယ်တော် ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း နောက်လာနောက်သားများ သိရှိနိုင်ရန် မှတ်တမ်းတင် ထားသော ကျမ်းများ ဖြစ်ပေသည်။ မှတ်တမ်းတင်ကြသည့် ဆရာကြီးများနှင့် ရှုဒေါင့်များပေါ်မူတည်၍ တူညီမှု ကွဲပြားမှုများ ရှိပေသည်။ ကိုယ်တော်၏ ပြုမူနေထိုင်နည်း ပုံစံ ကို သိရှိရန် အလို့ငှာ အစ္စလာမ်သာသနာဝင်များသည် ဟာဒီးဆ်ကျမ်းများ ကို လေ့လာကြသော်လည်း ထိုကျမ်းများကို ကျမ်းမြတ်ကုရ်အံ ကဲ့သို့ အမြတ်တနိုး မပြုကြပေ။

ဟာဒီးဆ်ကျမ်းပေါင်း များစွာ ရှိသည့်အနက် ဘိုခါရီ။ မီရှ်ကတ်၊ အဘူဒါဝုဒ်။ တီလ်မီသီရ် နှင့် အိဗနိမာဂျာ ကျမ်းများမှာ ထင်ရှား ပေသည်။

ထိုကျမ်းများသည် အစ္စလာမ်ဘာသာဝင်များ အတွက် အဓိက ပင်မ မဟုတ်သည်က တစ်ကြောင်း။ ကျမ်းမြတ်ကုရ်အံနှင့် မကိုက်ညီသော မည်သည့် ဟာဒီးဆ်ကျမ်းလာ အဆိုအမိန့်များကိုမှ အစ္စလာမ် ဘာသာဝင်များက လက်မခံသည်က တစ်ကြောင်းကြေင့် ယခု လောလောဆယ်တွင် အဓိကရေးကြီးသော ကျမ်းမြတ် ကုရ်အံအား ပြီးဆုံးသည်အထိ စဉ်ဆက် မပြတ် ဘာသာပြန် တင်ပြသွား မည် ဖြစ်၍ နောက်ပိုင်း အချိန်ရသော အခါတွင် ဟာဒိးဆ်ကျမ်းများကို ကျိုးစား ဘာသာပြန် တင်ပြသွားမည် ဖြစ်ပါသည်။

 

အစ္စလာမ်ပညာရှင်များလောကတွင် ဟာဒီးဆ်ကျမ်းများကို လက်ခံသင့် လက်မခံသင့် နှိးနှောလျှက်ရှိပေသည်။

ထိုသို့ ဆွေးနွေး နှီးနှောနေကြသော်လည်း နှစ်ဦးနှစ်ဘက်လုံး၏ ဘုံသဘောတူညီမှုမှာ ဟာဒီးဆ်ကျမ်းများကို ဗဟုသုတ အဖြစ် ဖတ်မှတ်သင့်သည်။

ကျမ်းမြတ်ကုရ်အံနှင့် မကိုက်ညီသော မည်သည့် အဆိုကိုမှ လက်ခံ အတည်ပြု  ယုံကြည် လိုက်နာရန် မလို ဟူသော အချက်ပင် ဖြစ်၏။

 

Copyright 2008 Islam Myanmar! All Right Reserved

 

Islam Myanmar
Utica
United States