ms                         The Holy Islam

      အစ္စလာမ် သာသနာတော်  

 

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States

ဖတ်သင့်သောကျမ်း

ခရစ်ယာန်သာသနာသည် ကမ္ဘာပေါ်တွင် အလုံး အရင်းနှင့် လူသားအများ ယုံကြည်သက်ဝင်နေသော သာသနာ တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း အထူးသဖြင့် ညီ နောင် တိုင်းရင်းသားများကြားတွင် အုံနှင့် ကျင်းနှင့် လက်ခံ ယုံကြည်နေသော သာသနာ တစ်ရပ်ဖြစ်ပေသည်။ ထိုသို့ ညီ အစ်ကိုများ လက်ခံယုံကြည်နေသော သာသနာ တစ်ရပ်၏၊ ပင်မ ကျမ်းတစ်ဆူအား စိတ်စေတနာ ဖြူစင်စွာဖြင့် လေ့လာ သင့် စူးစမ်းသင့်ပေသည်။ အထူးသဖြင့် စာပေ၌ အထုံဝါသနာ ကြီးသူတို့ အနေဖြင့် အနည်းဆုံး ဗဟု သုတအဖြစ် ဖတ်သင့် ပေသည်။

ကျွန်ုပ်၏ အတွေ့အကြုံအရ သမ္မာကျမ်းစာသည် အရှေ့ အ လယ်ပိုင်း၏ အတိတ်သမိုင်းကို အစုံလင်ဆုံး တင်ပြထား သော ကျမ်းဖြစ်သည်၊ ဟု မှတ်ချက်ပေးပါသည်။

ယနေ့ အစ္စလာမ်သာသနာတွင်လည်း ကုရ်အံကျမ်းစာမှ မ ဟုတ်သော မြောက်များစွာသေ အယူအဆများမှာ သမ္မာ ကျမ်း စာမှ သို့မဟုတ် ရှေးဟောင်း အရှေ့အလယ်ပိုင်း လူမျိုး တို့၏ ရိုးရာမှ လာကြောင်း  သမ္မာ ကျမ်းစာကို ဖတ်မိ တော့မှ ပိုမို၍ သိခွင့်ရခဲ့ပါသည်။

ယူစရာ-တွေးစရာ- ဆွေးနွေးစရာ

နယူတန်က မည်သို့ ဆိုသည်။ အိုင်စတိုင်းက မည်သို့ပြော သည်၊ ဆိုကရေးတီးက မည်သို့ တင်ပြသည်--- စသည်ဖြင့် ပညာရှိစကားများကို တန်ဘိုးထားတတ်သည်ဟု ဆိုသော ကျွန်ုပ်တို့ လူမျိုး၏ ပညာတတ်အား တန်ဘိုးထားတတ် သော ယဉ်ကျေးမှုကို-

ယေရှုက မည်သို့ သွန်သင်သည်၊ ဂေါတမက မည်သို့ ဆို ဆုံးမသည်။ မုဟမ္မဒ်က မည်သို့ ဟောပြောသည်ဟု မကိုး ကား မနာယူရဲလောက်အောင် သတ္တိနဲခြင်းတည်းဟူ သော တလွဲမာနဖြင့် မစော်ကားသင့်ပေ။

တွေးစရာ-

(၁) အာဒံဆိုသည်မှာ တစ်ဦးတစ်ယောက် တည်း မဟုတ်ကြောင်း- ကမ္ဘာဦး ၅း၂-၃။

(၂) ယေရှု တစ်ပါးတည်းကိုသာ ခရစ်တော်ဟု ခေါ်ခြင်း မဟုတ်ကြောင်း- ဆာလံ ၂း၂ (ထိုနေ ရာ၌ ဒါဝိဒ်မင်းကို ခရစ် တော်ဟု ဆိုသည်။)

(၃)ခရစ်တော် ယေရှုသည် ခန္ဓကိုယ်အားဖြင့် အသေသတ် ခြင်းကို ခံခဲ့ရပြီ ဖြစ်ကြောင်း- ရှင် ပေတရု (ပ) ၃း၁၈

---စသည် စသည် ဖြင့် မိရိုးဖလာမှ ပေးထား သော အသိတို့အား ကျော်လွန်၍ ပေးထား သော ကျမ်းချက်ပေါင်းများစွာ ရှိ ပေသည်။ ရဲဝံ့ စွာ  တွေးတောလျှက် ဗဟုသုတရှာ ကြပါစို့။

ဆွေးနွေးစရာ

သူတစ်ပါး ယုံကြည်သော သာသနာ တစ်ခု အား မလိုမုန်း ထားပြုလျှက် အပြစ်ဆို အပြစ် ရှာရန် ကျမ်းတစ်ပိုဒ် တစ်စ သို့မဟုတ် ကြားဘူး နားဝ တစ်စုံတစ်ချို့အား အခြေခံကာ အကြီး အကျယ် ကပ်ဖက်ခံ ငြင်းဆိုခြင်းမှာ အပြန်အ လှန် နားလည်မှု ဗဟုသုတ ဖလှယ် တည် ဆောက်မှုကို ရလာမည်မဟုတ်ပါ။

စနစ်တစ်ကျ လေ့လာဆည်းပူးပြီးသော အခါ တွင်မှ ဤ၀ါဒ လမ်းစဉ်သည် မိမိ၏ ညီအစ်ကို မောင်နှမများ၏ အနာဂါတ် မျိုးဆက်အတွက် မည်မျှအကျိုးဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဟူ သည် ကို စေတနာ မေတ္တာ အပြည့်အ၀ဖြင့် ဆွေးနွေး နှီး နှောသင့်ပေသည်။ သူတစ်ပါးကိုသာ ပညာ ပေးချင်၍၊ သူ တစ်ပါးထံမှ ပညာကို မလိုချင် သော သူသည်၊ သက္ကာက ဒိဌိစွဲကပ်သူသာ ဖြစ်၍၊ ပွင့်လင်းရိုးသားသော ပညာတတ် လောက၌ လူရာဝင်မည် မဟုတ်သည့်အပြင်၊ မိမိ၏ အနာဂါတ် မျိုးဆက်အား သိက္ခာနွမ်းပါးအောင် ပြုမူသူသာ ဖြစ်ပေသည်။

ကျမ်းစာမိတ်ဆက်

သမ္မာကျမ်းစာသည် ရေ၀တီ (ဂျူး)သာသနာနှင့် ခရစ်ယာန်သာသနာတို့၏ သာရေး ပင်မ ပြဌာန်းချက် စာအုပ် ဖြစ်သည်။ သမ္မာကျမ်းစာအား ရေးသားသီကုံးမှုမှာ သက်ဆိုင်ရာ ဘာသာရေးဂိုဏ်းတို့ အပေါ် မှီတည်လျှက် ရှိ သည်။ တာနာ့ခ် Tanakh သို့မဟုတ် Hebrew or Jewish Bible ဟီဘရူး ဂျူးဝဲ့ခ်ျ သမ္မာကျမ်း ကဲ့သို့ စာအုပ်များ ကို တခုတည်းသော ဘာသာရေး စာအုပ်အဖြစ် ခေတ်သစ် ရေ၀တီ သာသာနာဝင်များက တဖြေးဖြေး လက်ခံ အသိ အမှတ်ပြုလာပေသည်။ ၎င်း တွင်-

(၁) မောရှေ၏ သွန်သင်မှု

`တိုရာဟ်´ ဟုခေါ်သေကျမ်းငါးဆူ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ၀တ်ပြုရာကျမ်း၊ တော လည်ရာကျမ်း၊ တရား ဟောရာကျမ်း။

(၂) တမန်တော်များ၏ သွန်သင်မှု

(က) ဆာလံကျမ်း၊ သုတ္တံကျမ်း၊ ယောဘ၀တ္ထု။

(ခ) ကျမ်းစုငါးဆူ- ရှောလမုန်သီချင်း၊ ရုသ၀တ္ထု၊  ယေရမိမြည်တမ်းစာ၊ ဒေသနာကျမ်း၊ ဧသတာဝတ္ထု။

(ဂ) အခြားသမိုင်းကျမ်းများ-ဒံယေလအနာဂတ္တိကျမ်း၊ ဧဇရမှတ်စာ၊ ရာဇ၀င်ချုပ် (ပ-ဒု)။

(ဃ) လက်ဦးတမန်တော်များ၏- ယောရှုမှတ်စာ၊ တရားသူကြီးမှတ်စာ၊ ဓမ္မရာဇ၀င် (ပ-ဒု)၊ ဓမ္မရာဇ၀င် (တ-စ)၊

(င) နောက်ပိုင်းတမန်တော်များ၏- ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ အနာဂတ္တိ ကျမ်းများ၊

(၃) ရေးဆိုထုံးဖွဲ့ကျမ်းများ

သာမည တမန်တော်များ၏- ဟောရှေ၊ ယောလ၊ အာမုတ်၊ သြဗဒိ၊ ယောန၊ မိက္ခာ၊ နာဟုံ၊ ဟဗက္ကုတ်၊ ဇေဖနိ၊ ဟဂ္ဂဲ၊ ဇာခရိ၊ မာလခိ-- အနာဂတ္တိကျမ်း

ဟု အဓိက သုံးမျိုးကို စုပေါင်းထား၍၊ ၎င်းတို့မှ အများစုကို ဟီဘရူး ဘာသာဖြင့် ရေးသားပြုစုခဲ့၍ အနည်းငယ်ခန့် ကိုသာ အာရာမစ် ဘာသာဖြင့် ရေးသားခဲ့ခြင်း ဖြစ်ပေသည်။

ခရစ်ယာန် သမ္မာကျမ်းစာတွင် ထိုကျမ်းများကို အစီအစဉ် ဖေါ်ပြမှုမှာ တစ်ထပ်တည်း မတူညီသော်လည်း ဓမ္မ ဟောင်း ဟု ကိုယ်စားပြုလျှက် `တာနာ့ခ်´ ကျမ်းပေါင်းစုကို ထည့်သွင်းဖေါ်ပြထား၍၊ ဓမ္မသစ်ကျမ်းဟု သိနေသော ခရစ်ယာန်များ အထူးပြု စုဆောင်းထားသည့် ၂၇ ကျမ်းတို့ ပါဝင်ပေသည်။ သို့သော် စာအုပ်စီစဉ်မှုမှာ တစ်ထပ် တည်း မတူညီချေ။ ထို ဓမ္မသစ်ကျမ်း၏ မူရင်းမှာ ဂရိစာပေဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ အချို့သော ခရစ်ယာန် အသင်းတော်များမှ ကျမ်းစာအဖြစ် ထည့်သွင်း လက်ခံထားသော ကျမ်းများမှ အချို့ကျမ်းများကို `ပါယ်ကျမ်း´ သို့မဟုတ် `ကျမ်းတု´ ဟု သမုတ်လျှက် လက် မခံသော အသင်းတော်များလည်း ရှိပေသည်။   

အရှေ့ဘက် အိုသိဒေါ့စ် အသင်းတော်က အစောဦးဆုံး ဂရိဘာသာပြန်၌ ဘီစီ ၃ ရာစုနှင့် ၁ ရာစုကြား အလက် ဇန်းဒရီးယား၌  ထည့်ပေါင်းထားသော စက်ပ်ကျူးယေးဂျင့် ၁၄ ကျမ်းအားလုံးကို လက်ခံသုံးစွဲ၍၊ ရိုမန်ကက်သလစ် များက သူတို့၏ ကျမ်းစာ၌ ၇ ကျမ်းသာ လက်ခံပြဌာန်းထားလျှက် များစွာသော ပရိုတက်စ်တင့်များက ထပ်ပေါင်း ကျမ်းများကို ပါယ်ထုတ်ထားသည့် ခေတ်သစ် ရေ၀တီ (ဂျူး) ကျမ်းစာ နောက်သို့ လိုက်ကြပေသည်။ အချို့ တည်း ဖြတ်ထားသော ခရစ်ယာန် သမ္မာကျမ်းစာတွင် ထိုပါယ်ကျမ်းများကို သီးခြား ကဏ္ဍ အဖြစ် ထည့်သွင်းထား၍ ပြ ဌာန်း ချက် အဖြစ် သတ် မှတ်မှု မရှိချေ။

 

ဦးဌေးလွင်ဦး ပြုစုတင်ပြသည်။

 

ကျွန်ုပ်တို့ `စံ´ အဖြစ် လက်ခံယုံကြည်ထားသော ပုဂ္ဂိုလ်မြတ်များ ဖြစ်သည့် ကိုယ်တော် ဂေါဓမ၊ ကိုယ်တော် ယေရှု၊ ကိုယ်တော်မုဟမ္မဒ် စသော လူသား စံပြ ခေါင်းဆောင်များသည်၊ သူတို့ ခေတ်ကာလမှ မိရိုးဖလာ ဆရာ့ဆရာများ၏ သွန်သင်မှုများအား တွန်းလှန် ပါယ်ချ ခြင်းတည်း ဟူသော `စံ´ ကို နောက်လိုက်ဒကာ တို့အား `စံ´ အဖြစ်၊ကျင့်ကြံ လုပ်ဆောင်ပြခဲ့သည်။ ကျွန်ုပ်တို့လည်း ထို `စံ´များကို အတုယူလျှက်၊ မိရိုး ဖ လာ မျက်မှန်ကို ပါယ်လျှက်- သာသနာ သို့ မဟုတ် ၀ါဒလမ်းစဉ်များကို လေ့လာ စူးစမ်းကြပါစို့။-

 

Copyright 2008 Islam Myanmar! All Right Reserved

 

 

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States