ms                         The Holy Islam

      အစ္စလာမ် သာသနာတော်  

 

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States

ဗုဒ္ဓသာသနာ သမိုင်း

ဤ ဆိုက်တွင် ဖတ်ရှုလေ့လာသူများ အဘို့ မိမိနှင့် ညီနောင်သားချင်းများ သက်ဝင်ယုံကြည် နေကြ သော သာသနာတို့၏ သမိုင်းများကို သိနိုင်ရန် အလို့ငှာ ဘာသာရေး သမိုင်းများကို ပြန်ဆိုတင်ပြ ခြင်း ဖြစ်ပါသည်။ ယခု ဖေါ်ပြသော ဗုဒ္ဓသာသနာ သမိုင်းမှာ အသေးစိတ် အပြည့်အစုံ မဟုတ်သလို၊ သာသနာ့ ဂိုဏ်းကွဲများ၏ အယူအဆ ရေးရာများလည်း မပါဝင်ပေ။ ကမ္ဘာ သမိုင်းပညာရှင်များက သမိုင်းရှုဒေါင့်မှ စုစည်းတင်ပြထားသည်ကို ဘာသာပြန်၍ တင်ပြထားခြင်းသာ ဖြစ်ပါသည်။ ဗုဒ္ဓ သာ သနာ၏ သမိုင်းအား အကျယ် သိလိုသူများ အနေဖြင့် ဆရာ မောင်အံ့ စုစည်းတင်ပြထားသော ဗုဒ္ဓ သာသနာတော် ၂၅၀၀ ခရီး စာအုပ်နှင့် ရှင်ဇာဂရဘိဝံသ ပြန်ဆိုသော အိန္ဒိယ စာပေ သမိုင်း  ဗုဒ္ဓ ယဉ်ကျေးမှု စာအုပ်များကို ဖတ်ရှုလေ့လာ သင့်ပေသည်။

ဌေးလွင်ဦး

ကျွန်ုပ်တို့ `စံ´ အဖြစ် လက်ခံယုံကြည်ထားသော ပုဂ္ဂိုလ်မြတ်များ ဖြစ်သည့် ကိုယ်တော် ဂေါဓမ၊ ကိုယ်တော် ယေရှု၊ ကိုယ်တော်မုဟမ္မဒ် စသော လူသား စံပြ ခေါင်းဆောင်များသည်၊ သူတို့ ခေတ်ကာလမှ မိရိုးဖလာ ဆရာ့ဆရာများ၏ သွန်သင်မှုများအား တွန်းလှန် ပါယ်ချ ခြင်းတည်း ဟူသော `စံ´ ကို နောက်လိုက်ဒကာ တို့အား `စံ´ အဖြစ်၊ကျင့်ကြံ လုပ်ဆောင်ပြခဲ့သည်။ ကျွန်ုပ်တို့လည်း ထို `စံ´များကို အတုယူလျှက်၊ မိရိုး ဖ လာ မျက်မှန်ကို ပါယ်လျှက်- သာသနာ သို့ မဟုတ် ၀ါဒလမ်းစဉ်များကို လေ့လာ စူးစမ်းကြပါစို့။-

 

Copyright 2008 Islam Myanmar! All Right Reserved

 

 

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States