The Holy Islam
အစ္စလာမ် သာသနာတော်
Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States
htaylwin
အစ္စလာမ်သာသနာသည် ကမ္ဘာ့သာသနာကြီးများတွင် နောက်ဆုံးတွင်မှ ပေါ်ပေါက်လာသော သာသနာဖြစ်၍၊ မြန်မာနိုင်ငံသို့ လည်း ဗုဒ္ဓဘာသာ၏ နောက်တွင်မှ ရောက်ရှိခဲ့ပေသည်။ ကမ္ဘာပေါ်တွင် အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်သူမှာ လူ ဦးရေ သန်းပေါင်း (၂၀၀၀) ခန့် ရှိပေသည်။ မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်သော လူဦးရေမှာ ဒုတိ ယ အများဆုံး ဖြစ်၍၊ ထိုသို့ လူအများ ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်သော ၀ါဒလမ်းစဉ် တစ်ခုအား မြန်မာစာ ဖတ်သူ များ လေ့လာခွင့် လွယ်ကူစေခြင်းငှာ ဤ၀က်(ဘ်)ဆိုဒ်အား စေတနာကောင်းဖြင့် လုံ့လပြုထားခြင်း ဖြစ်ပါသည်။
သင်သည် မိရိုးဖလာတို့၏ ကိုယ်စားလှယ်ဖြစ်က ဤ၀က်ဆိုဒ်နှင့် ရန်ဖြစ်ရမည်ပင်။ သို့သော် ရန်ဘက်ကို ပြိုင်ဘက် အဖြစ် သဘောထားနိုင်လျှင် သင့်အတွက် တိုးတက်လမ်းရှိ၏၊
လူဦးရေ သန်းပေါင်း (၆၀) ကျော်က တရားဝင်ရုံးသုံး ဘာသာ စ ကား အဖြစ် လက်ခံ ပြောဆို၊ ရေးမှတ် နေ သော မြန်မာစာပေနှင့် စကားသည် သေးသိမ်သော ဘာ သာစကားတစ်ခု မဟုတ်ချေ၊ သို့ ဖြစ်၍ ကုလသမဂ္ဂ၏ တရားဝင်ရုံးသုံးအာရ်ဗီ စာပေဖြင့် မူရင်း ဖြစ် သော အစ္စလာမ် စာပေနှင့် ဒသနများကို အူရ်ဒူ၊ ဟင်ဒီ၊ ဖာရ်စီ ဘာ သာစကားများဖြင့် တဆင့် မခံတော့ဘဲ မြန်မာ စာပေဖြင့် တိုက် ရိုက်တင်ပြနိုင်ရန် အစွမ်းကုန် ကျိုးပမ်း သွားမည် ဖြစ်သည်။ ဤစာမျက်နှာများတွင် ဂိုဏ်း အယူ အဆများ မပါဝင်ပေ။ အစ္စလာမ်တို့ ၏ စံထားရာ ကျမ်း မြတ်ကုရ်အံနှင့် ကိုက်ညီသော မည်သည့် အယူအဆ များကို မဆို လက်ခံတင်ပြသွားမည် ဖြစ်ပါ သည်။
အခြားဘာသာများမှ ညီနောင်များ၏ ဆောင်းပါးများကိုလည်း လက်ခံပါသည်။
ဓမ္မမိတ်ဆွေအပေါင်း စိတ်နှလုံး အေးချမ်းကြပါစေ။
ထေရ၀ါဒ အထင်ကရ အဌကထာ ဆရာတော် ရှင်ဗုဒ္ဓဃောသ က
`ကရုဏာဝိယ သတ္တေသု၊ ပညာရဿ မဟေ သိနော၊ ညေယဓမ္မေသု၊ ယတ္ထာယုဇိ၊ ပ၀တ္တိတ္တံ၊ မဟေသိနော´
ဘုရားသခင်သည် ဂရုဏာတော်အားဖြင့် သတ္တ၀ါ အ ပေါင်း တို့နှင့် ညေယဓံတရား ငါးပါးတို့ကို အ လိုတော်ရှိ သည် အတိုင်း ဖြစ်တော်မူလေ ကုန် ပြီ-- လို့ ဆိုပါတယ်။ (အဌသလိနီကျမ်း၊ ၀ီသတိဝန္ဒနာ)
တဘက်တွင် ဖေါ်ပြထားသော ကျမ်းများမှ စာဖတ် သူ များ အတွက် ဖတ်ရှုရန် ရှာဖွေရ ခက်ခဲသော ကျမ်း စာအုပ်ငယ် ဖြစ်သည့်။ ဘုရားဒကာ သုံး ဆယ် ဦးလူငယ် ရေးသား ပြုစုသော `သဗ္ဗညုတ စိန္တာမယကျမ်း´ ကို ဤနေရာ၌ နှိပ်၍ ဖတ်နိုင်ပါ သည်။
´လူသားမှ မဖြစ်သော ဓမ္မဓိဌာန် ဘုရားသည် အိုခြင်း၊ နာခြင်း၊ သေခြင်းမရှိ၊ နိစ္စပရမတ် တည်ရှိနေ၏´လို့ ဂန္ဓမာ ပုံနှိပ်တိုက်ထုတ်- သံဃာဟုတ်မဟုတ် စစ်တမ်းကျမ်း မှာ တင်ပြ ထားပါတယ်။
ထေရ၀ါဒ လူပညာရှင် ဘုရားတကာ ဦးလူငယ် က
´ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ နှင့် လား လားမှ မသက်ဆိုင်သော သဗ္ဗညု ဘုရားသည် ရှိ၏´ လို့ သဗ္ဗညုတ စိန္တာ မယကျမ်းမှာ ရှင်းပြ ပြော ဆိုပါတယ်။
ထေရ၀ါဒ- သေက္ချတောင်ဆရာတော် ဦးတိလောကသာရ က
´လောကကို ဖန်ဆင်း သော လက် သည် ကို ရှာဖွေခန်း ဆိုတဲ့ ခေါင်း စဉ် အောက်မှာ လောကကို ဖန်ဆင်းသူ ကို စိတ်စု လို့ဖေါ်ပြပါတယ်။ (ပဏ္ဍိတ ဝေဒနီယျ ကျမ်း)။
ဘုရားမဲ့ဝါဒီကြီးလို့ နာမည်ကြီးတဲ့ တရုပ် ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုံးက
သူမကြာခင် ဘုရားသခင်ဆီကို ပြန်ရတော့ မယ်လို့ (သေခြင်းတရားကို ရည်ရွယ်ပြီး ၀န်ခံ ပြောဆိုခဲ့ပါတယ်။)
အဂ္ဂဆနိုးရေး တရုပ်ပြည်ပေါ်မှ ကြယ်နီတစ်ပွင့် ထိုစာအုပ်ကို သူမသေမှီရေးပြီး သူ့ဆီကို ပို့ပေးခဲ့သည်မှာ သူ မငြင်းခဲ့ပါ။
Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States
htaylwin