ms                         The Holy Islam

      အစ္စလာမ် သာသနာတော်  

 

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States

ကဗျာ

အမှန်ကို ရဲရဲပြော၍ မီးပြတ်နေသော လူတန်းစားကို အလင်းရောင်ပေးပါ။

ကြောက်လွန်းလို့မုန်း

သဒ္ဓါအယူသည်းခြင်း

သက်သတ်လွတ်မစားသူများ

ခေါင်းဆောင်

စာမတတ်တဲ့ တက္ကသိုလ်

ရှင်စေမယ့် ဗုံး

အဓိဌာန်

ရန်သူ့လူ  (မူနာဖက်)

 အမျိုးသမီး အခွင့်အရေး(မမီး အစ္စလာမ့်ရောင်ခြည်)

ကျမ- ကုရ်အန်ကို မသိမှီ
အစ္စလာမ်ကို ဇဝေဇ၀ါ ဖြစ်ခဲ့။
ရိုးရာအလွှာ-
အကာ အထပ်ထပ်
ရစ်ပတ်- ထွက်မရ။
မိန်းကလေး ဖြစ်ရတာ
ဒုက္ခပါလား။
ကမ္ဘာ့ဘာသာ- ကျမ်းစာတွေ ဖတ်
မိန်းကလေး ဖြစ်ရတာ-
ဘယ်ဘာသာမှာ မြတ်သလဲပေါ့။
ဘုရားဆုပန်ခွင့် မရှိ၊
ပရော်ဖက် ဖြစ်ခွင့်မရှိ၊
ဘာသာတရားက သတ်မှတ်
အမြတ်တကာ့ အမြတ်ဆုံး
မိန်းကလေး- တစ်ယောက်အတွက်
လမ်းဆုံးနေခဲ့။
ကဲ-ဘာကောင်းသေးလဲ
မိန်းကလေး အတွက်၊
ထွက်လမ်းမရှိ၊ ပန်းတိုင်မရှိ၊
လူဖြစ်ရခြင်း ဂုဏ်ရည် နတ္ထိ။

 

ရင်တွင်းသံစဉ် (မီးမီး အစ္စလာမ့် ရောင်ခြည်)

ရိုးရိုးသားသားမှားခြင်း

တံခါးဖွင့် နီတိ

ဟာဂျီ

မီးတိုင်ငယ်

ကုရ်ဘာနီ

 

 

 

 

 

 

 

ကုရ်အန်ကို- အပျင်းပြေဖတ်မိ
တွေ့ရှိတဲ့ အသိတွေ ပြောင်းခဲ့တယ်။
လူဟာ ဉာဏ်စဉ် (၀ဟီ) ရတာ အမြင့်ဆုံးတဲ့
အဲ့ဒီအထဲ- မယ်ရယံသခင်မလည်း ပါလေရဲ့။


လူရဲ့ အမြင့်ဆုံးပန်းတိုင်
ဖို-မ မခွဲ အတူတူပဲ ရယ်လို့-
အစ္စလာမ်ကသာ ပေးနေတယ်။
ကျေးဇူးတင်လိုက်တာ- အစ္စလာမ်ရယ်
ငြိုငြင်မိသမျှ- ခ၀ါချမိပါရဲ့။

..........

မမီး (အစ္စလာမ် ရောင်ခြည်) မှ ကူးယူဖေါ်ပြသည်။

 

 

ကျွန်ုပ်တို့ `စံ´ အဖြစ် လက်ခံယုံကြည်ထားသော ပုဂ္ဂိုလ်မြတ်များ ဖြစ်သည့် ကိုယ်တော် ဂေါဓမ၊ ကိုယ်တော် ယေရှု၊ ကိုယ်တော်မုဟမ္မဒ် စသော လူသား စံပြ ခေါင်းဆောင်များသည်၊ သူတို့ ခေတ်ကာလမှ မိရိုးဖလာ ဆရာ့ဆရာများ၏ သွန်သင်မှုများအား တွန်းလှန် ပါယ်ချ ခြင်းတည်း ဟူသော `စံ´ ကို နောက်လိုက်ဒကာ တို့အား `စံ´ အဖြစ်၊ကျင့်ကြံ လုပ်ဆောင်ပြခဲ့သည်။ ကျွန်ုပ်တို့လည်း ထို `စံ´များကို အတုယူလျှက်၊ မိရိုး ဖ လာ မျက်မှန်ကို ပါယ်လျှက်- သာသနာ သို့ မဟုတ် ၀ါဒလမ်းစဉ်များကို လေ့လာ စူးစမ်းကြပါစို့။-

 

Copyright 2008 Islam Myanmar! All Right Reserved

 

 

Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States